နမ့်စန် (တ) ဖေဖော်ဝါရီ ၁၇
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ်စန်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများကို တစ်ဦးလျှင် (၂၀၀၀၀) ကျပ် နှုန်းဖြင့် စုစုပေါင်း (၄၄၄၅) ဦးအတွက် ထောက်ပံ့ငွေ (၈၈၉၀၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သူရအောင်(နမ့်စန်)