ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား (စတုတ္ထအကြိမ်)ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းဆောင်ရွက်

ငပုတော ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ(စတုတ္ထအကြိမ်)ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ (ပထမအကြိမ်)ကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မိုးမိုးအေး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG ကျောင်းသား၊ ကျောင်းသူ (၉၆၉)ဦးအား ကျောင်းတွင်းအာဟာရ (စတုတ္ထအကြိမ်)ကျွေးမွေးခြင်းကို ယနေ့တွင်အခြေခံပညာကျောင်းများ၌ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်သူ(ပြန်/ဆက်)