ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများ ပေးအပ်

ကလော ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ကလောခရိုင်အတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး အမှတ်(၉၀၃) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်မမှူး ဗိုလ်မှူးချုပ်ကျော်စွာထွန်းနှင့် အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်-၇၀၀)၊ တပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်တို့က ယာယီနေရပ်စွန့်ခွာနေရသည့် တပ်ရင်းတပ်ဖွဲ့များအားလည်းကောင်း၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များက ကလောခရိုင်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့‌နောက် ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများ၏ကိုယ်စား ပြည်သူ (၁)ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကလောခရိုင်အတွင်းသို့ မြို့နယ်များမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူ ကျား (၁၀,၄၅၃) ဦး၊ မ (၁၂,၅၈၅) ပေါင်း (၂၃,၀၃၈) ဦးတို့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၁) ဦးလျှင် ငွေကျပ် (၂၀,၀၀ဝ/-)နှုန်းဖြင့် ထောက်ပံ့‌ငွေကျပ် (၄၆၀၇၆၀၀‌၀ဝ/-) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)