လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက်နှင့်ညောင်ကျေးရွာတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

လှိုင်သာယာ(အရှေ့ပိုင်း) ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီ၌ အမှတ်(၇)ရပ်ကွက်နှင့်ညောင်ကျေးရွာတို့တွင် ပေးအပ်ခြင်းကျင်းပသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသည့် ပြည်သူများအား အမှတ်(၇)ရပ်ကွက်တွင် အိမ်ထောင်စု(၅)စု၌ ကျား(၅၆)ဦး၊ မ(၈၉)ဦး စုစုပေါင်း(၁၄၅)ဦးနှင့် ညောင်ကျေးရွာတွင် အိမ်ထောင်စု(၅၁)စု၌ ကျား(၅၃)ဦး၊ မ(၈၄)ဦး စုစုပေါင်း(၁၃၇)ဦးတို့ကို မြို့နယ်ထောက်ပံ့‌ရေးအဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် တာ၀န်ရှိသူများက  တစ်ဦးလျှင်(၂၀၀၀၀/-)ကျပ်နှုန်းဖြင့် ပြည်သူများ လက်၀ယ်အရောက်ထုတ်ပေးလျက်ရှိကြောင်းနှင့်  ရပ်ကွက်၊‌ ကျေးရွာများမှ ကျန်ရှိနေသောပြည်သူများအား ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)