ပဲခူး ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀မြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ အလှူငွေနှင့်အာဟာရမုန့်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း ပဲခူးတိုင်းဒေသကြီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်နေသည့် သားဖွားမိခင်များအတွက် အလှူငွေ(၁)သိန်းကျပ်နှင့် အာဟာရမုန့်များကိုလည်းကောင်း၊ ကျောက်ကပ်သန့်စင်ဌာနအတွက် အလှူငွေ(၁၀)သိန်းကျပ်အား ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ထံသို့ လှူဒါန်းခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်း၊ ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် သားဖွားဆောင်ရှိ မိခင်များအား အာဟာရမုန့်များ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)