လှိုင်သာယာ(အနောက်ပိုင်း) ဖေဖော်ဝါရီ ၂၆
စာကြည့်တိုက်များပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်စာကြည့်တိုက်ကော်မတီများဆွေးနွေးပွဲနှင့် လစ်လပ်နေသည့်စာကြည့်တိုက်ကော်မတီအသစ်ဖွဲ့စည်းခြင်းနှင့် လစ်လပ်နေသည့် Book Club ကော်မတီအသစ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre)ခန်းမတွင်ပြုလုပ်သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမြင့်ဇော်နှင့်ဝန်ထမ်းများ၊ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌဦးဆန်းမင်းသိုက်၊ Book Club ဥက္ကဋ္ဌဦးစိုးမိုးသိန်း စာရေးဆရာ/ဆရာမများတက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမြင့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာကြည့်တိုက်နည်းဥပဒေ၊ နည်းဥပဒေများကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် စာရေးဆရာ / ဆရာများက လိုအပ်သည်များကိုအသီးသီးဆွေးနွေးကြသည်။
ထို့နောက်ဆွေးနွေးပွဲအပြီးတွင် လစ်လပ်နေ့သည့် စာကြည့်တိုက်ကော်မတီ(၁၂)ဦးနှင့် Book Clubကော်မတီ (၁၇)ဦးတို့ကို ဖွဲ့စည်းခဲ့ကြကြောင်းသိရှိရသည်။
မြို့နယ် ပြန် /ဆက်