မော်လမြိုင်ကျွန်း ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီဆိုင်များအနေဖြင့် မော်တော်ယာဉ်များ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဝယ်ယူကြသူများအနေဖြင့် စနစ်တကျ ဝယ်ယူစေရေး၊ ဆီတန်းစီဝယ်ယူမှုကြောင့် လမ်းပိတ်ဆို့ခြင်း၊ သတ်မှတ်ချက်များနှင့် မလျော်ညီစွာ ဝယ်ယူခြင်းစသော မလိုလားအပ်သည့် အခြေအနေများ မဖြစ်ပွားစေရေး၊ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက စက်သုံးဆီဆိုင်များသို့ လှည့်လည် ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး းဦးမင်းဇော်လတ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျ ဆီတန်းစီဝယ်ယူစေရေး၊ ယာဉ်ကြောနှင့် လမ်းပိတ်ဆို့မှုမရှိစေရေး စုံ၊ မရက်အလိုက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆီဝယ်ယူနိုင်ရေး စသည့်ကြီးကြပ်မှုလုပ်ငန်းစဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)