သံတောင်ကြီး ဧပြီ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျားရာသီပေါ် သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။
ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိသော်လည်း အသီးမတင်ခြင်း လိုင်ချီးအဖူးအပွင့်များ ကြွေကျသည့်အတွက် အသီးထွက်နှုန်း လျော့နည်းသော်လည်း တစ်ပိဿာတစ်ထုပ်လျှင် ကျပ် (၆၀၀၀)မှ ကျပ်(၇၀၀၀)အထိ ရရှိကြောင်း လိုင်ချီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဒေါ်နော်ပါးပူထံက သိရသည်။
နော်နော်မူ