ကျိုင်းတုံ ဧပြီ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့က စာပေဆိုင်ရာဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြည်သူများ အားလပ်ချိန်များတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသည့် အသိပညာဗဟုသုတများကို အပြန်အလှန်ဆွေးနွေးမျှဝေနိုင်ရေး စာအုပ်စာစောင်ချစ်မြတ်နိုးသူအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေးစသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့ဌာနမှ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး ကျိုင်းတုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၊ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာ အောင်ကိုဦး (UMK) ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်၊ စာရေးဆရာ ခင်မောင်အေး (နှလုံး) ရေးသားသည့် လူရယ်လို့ဖြစ်လာလျှင် စာအုပ်၊ စာရေးဆရာ ပေါက်ပေါက်ရေးသားသည့် စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ စာအုပ်များဖြင့် စာဖတ်ဝိုင်းကျင်းပနိုင်ရေးနှင့် စာပေဆိုင်ရာအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)