ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ပင်စင်လစာငွေများကိုထုတ်ပေးလျက်ရှိသည်။

မိုင်းဆတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း (ကျဒယ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ English Speaking သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ English Speaking သင်တန်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ စာတတ်မြောက်ရေးနေ့ သင်တန်းပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးသင်တန်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)၊ အခြေခံပညာမူလတန်း(ဝမ်ကတ်)ကျောင်းနှင့် (ဟို့ခန့်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေးကြီးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့ညမပျက် ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား နွေရာသီမီးဘေးအန္တရာယ်လုံခြုံရေးနှင့် ဈေးကြီးလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံဝန်ထမ်းများနှင့် ဈေးကော်မတီအဖွဲ့ဝင်တို့က ပူးပေါင်း၍ ယမန်နေ့ည(၇)နာရီအချိန်ခန့်က ဈေးကြီးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများ၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၃) ကြိမ်မြောက် အနေကဇာတင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၃) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ ယနေ့နံနက် (၆) နာရီအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ရင်ပြင်၌ စေတီတော်ကြီးအား အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း (၉၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပြည်သူ့ဆေးရုံခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က အငြိမ်းစားနိုင်ငံဝန်ထမ်း (၉၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ကျန်းမာတက်ကြွသော လူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်မှစတင်၍ ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to