မိုင်းခုတ်မြို့၌ စာတတ်မြောက်ရေးနေ့ သင်တန်းပို့ချ

မိုင်းခုတ် ဧပြီ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးသင်တန်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)၊ အခြေခံပညာမူလတန်း(ဝမ်ကတ်)ကျောင်းနှင့် (ဟို့ခန့်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါသင်တန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ဖွင့်လှစ်ထားသောစာသင်ဝိုင်း(၃)ဝိုင်းအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ရာတွင် ယခုဖွင့်လှစ်သည့် သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူဦးရေ(၃၀)ဦး တက်ရောက်သင်ကြားပြီး သင်တန်းနည်းပြ(၃)ဦးဖြင့် တစ်ရက်(၃)နာရီကြာ ရက်ပေါင်း(၄၀) သင်တန်းပိုချသွားမည်ဖြစ်ပြီး မိမိဘဝနှင့် မိမိတို့မိသားစုဘဝ တိုးတက်ကြီးပွားရန်နှင့် စာတတ်မြောက်ရေးအတွက် ဝ-ထ-က-လ-သ လေ့ကျင့်သင်ကြားမှုအား ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)