မင်းလှ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ပြည်သူ့ဆေးရုံခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို လစဉ်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က အငြိမ်းစားနိုင်ငံဝန်ထမ်း (၉၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ရာ အငြိမ်းစားနိုင်ငံဝန်ထမ်း အမျိုးသား/အမျိုးသမီး စုစုပေါင်း(၉၂)ဦးအား ဆေးကုသမှုဆောင်ရွက်ပေးခဲ့သည်။
ပေါက်စ(ပြန်/ဆက်)