တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ English Speaking သင်တန်းဖွင့်လှစ်

တမူး ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  English Speaking သင်တန်းကို ယနေ့ နံနက် (၈)နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်မှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  သင်တန်းနည်းပြဆရာမ ဒေါ်လားဒင့်ဆန်းငီးမှ သင်တန်းစည်းကမ်းချက်များနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ ကျောင်းသူများအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာကို စိတ်ပါဝင်စားသော ကလေးငယ်များအား အင်္ဂလိပ် ဘာသာစကားကို အခြေခံမှစတင်လေ့လာနိုင်ရေး၊ အင်္ဂလိပ်စာထူးချွန်ပြိုင်ပွဲများနှင့် ကျပန်း စကားပြောပြိုင်ပွဲများတွင် ဝင်​ရောက်ယှဥ်ပြိုင်ရာတွင် အထောက်အကူ​ပြုနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်လားဒင့်ဆန်းငီးမှ Basic Grammar ၊ Basic Speaking ဘာသာရပ်များကို ဧပြီလ(၂၃)ရက်နေ့မှ ဇွန်လ (၇)ရက်နေ့ထိ   (၄၅) ရက်ကြာ ကျောင်းသား/ ကျောင်းသူ(၃၀ )ဦးတို့အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ