နတ်မောက် ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား နွေရာသီမီးဘေးအန္တရာယ်လုံခြုံရေးနှင့် ဈေးကြီးလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံဝန်ထမ်းများနှင့် ဈေးကော်မတီအဖွဲ့ဝင်တို့က ပူးပေါင်း၍ ယမန်နေ့ည(၇)နာရီအချိန်ခန့်က ဈေးကြီးအတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများ၊ မီးဘေးအန္တရာယ်လုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးတာဝန်ခံများနှင့် ဈေးကော်မတီဝင်များက ဈေးအတွင်း/ အပြင်ရှိဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချမှု ရှိ၊ မရှိ ဈေးအတွင်းရှိ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး နေ့စဉ်ဈေးသန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
လှဝင်း