နောင်ချို ဇွန် ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်ခြင်းဆိုင်ရာအခွင့်အလမ်းများအား နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကွင်းဆင်းပညာပေးဟောပြောခြင်းများကို ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကွင်းဆင်းရာတွင် ကျောက်မဲခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ဝင်းသည် နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် နောင်ချိုမြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်းတို့ အဖွဲ့ဝင်အဖြစ် လိုက်ပါလျက် ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က နောင်ချိုမြို့ အ.ထ.က (၁)၊ အ.ထ.က (၂)နှင့် နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီး အ.ထ.ကကျောင်းများသို့သွားရောက်ကာ အခြေခံပညာအထက်တန်း G-10 ကျောင်းသား/ ကျောင်းသူများအား စိုက်ပျိးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ခြင်း၏ အနာဂတ်အခွင့်အလမ်းများ၊ အထက်တန်းကျောင်းတက်ရောက်နေစဉ် သင်ကြားပေးမည့် ဘာသာရပ်အကြောင်းအရာများနှင့် ဌာနမှ ထောက်ပံ့ပေးနိုင်သည့်အခြေအနေများအား ပညာပေးဟောပြောခြင်း၊ ကျောင်းသား/ကျောင်းသူများ၏ စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များ မေးမြန်းလာမှုအပေါ် ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်ဆက်