နတ်တလင်း ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ (မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့)၊ ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် နတ်တလင်းမြို့၊ သာဇီရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေး၊ သကျမဟာမြတ်မုနိဘုရာကြီးရှေ့တွင် စတင်ဆောက်လုပ်လျက်ရှိသည်။
မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)