ကန့်ဘလူ ဧပြီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်း အမှတ်စဥ် (၂/၂၀၂၄) ဆင်းပွဲကို ဧပြီ ၁၀ ရက်မွန်းလွဲ ၁၂ နာရီခွဲက လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို တစ်ဦးချင်းပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်လတာတွင် Microsoft Word ၊ Excel ၊ Power Point ၊ Photo Shop စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)