ပေါင်းတည်မြို့၌ စျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပေါင်းတည် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီက စျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များ၊ နိုင်ငံပိုင်အဆောက်အဦများ၊ စည်ပင်သာရေးအဖွဲ့ပိုင်စျေးများ မီးလောင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း၊ ယနေ့၌ စျေးများအတွင်း လိုက်လံကြည့်ရှုစစ်ဆေးမှုများကို ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွေးဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စျေးအတွင်းရှိ မီးသတ်ဆေးဘူးများ၊ ရေလှောင်ကန်များ၊ ရေစုပ်စက်များနှင့် အရေးပေါ်မီးသတ်ကိရိယာများ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးခလုပ်များကို အသေးစိတ် ​ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ စျေးရောင်း၊ စျေးဝယ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုများ လိုက်လံအသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)