မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မြို့သစ် ဧပြီ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ဧပြီလ ၁၁ ရက်နေ့ နံနက် (၁၀)နာရီက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံဝင်းအတွင်း "စိတ္တသုခဓမ္မာရုံ"၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား စာရင်းရေးသွင်းပြီး ကိုယ်အလေးချိန်နှင့် အရပ်ပေတိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊‌ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သည့်‌ ဆေးဝါးများအား အခမဲ့ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)