ကသာ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းဝင်းက ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လူငယ်လူရွယ်များအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ပြီး ကွန်ပျူတာပညာရပ်များကို အကျွမ်းတဝင်ဖြစ်စေကြောင်း၊ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးနေသည့်အတွက် အခြားသောလူငယ်များကိုလည်း တက်ရောက်နိုင်စေရန် စည်းရုံးသင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုငွေအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က သင်တန်းနည်းပြဆရာ ဦးသျှားညိုအား ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ပေးအပ်ခဲ့သည်။
ထို့နောက် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) မှ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ သင်းတန်းသား/ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)