စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ရေသဘင်မဏ္ဍပ်အသီးသီးသို့ လိုက်လံကြည်ရှုအားပေး
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ရှပ်ရှင်ရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုနှင့် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများအားအား ကြည့်ရှုအားပေးကာ မုံရွာမြို့နေပြည်သူများနှင့် ရပ်ကွက်နေပြည်သူများ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာဖြင့် ရေကစားနေမှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ရေသဘင်ပွဲတော်ပွဲတော်သို့ လာရောက်ကြသူများအား စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနအသီးသီမှ မဏ္ဍပ်များမှ ယိမ်းအလှ၊ အကအဖွဲ့များမှ သင်္ကြန်ပွဲတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။