မြောင်းမြ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ (ဗဟို) မဏ္ဍပ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့အခမ်းအနား (မနက်ပိုင်းအစီအစဉ်) ကို ယနေ့နံနက် ၈ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မဟာသင်္ကြန် (ဗဟို) မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား သပြေခက်နှင့် ရေပက်ကြိုဆိုပြီး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးယိမ်းအဖွဲ့၊ မြောင်းမြမြို့ အ.ထ.က (၁) ယိမ်းအဖွဲ့၊ မြောင်းမြခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယိမ်းအဖွဲ့နှင့် မြောင်းမြမြို့ အ.ထ.က (၆) ယိမ်းအဖွဲ့တို့မှ သီဆိုကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက သီဆိုကပြဖျော်ဖြေခဲ့ပြီး၊ မြောင်းမြမြို့မှ Motivation တေးဂီတအဖွဲ့မှ သင်္ကြန်သီချင်းများ သီဆို၍ ပျော်ပျော်ရွှင်ရွှင်စုပေါင်းကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက Motivation တေးဂီတအဖွဲ့နှင့် ယိမ်းအဖွဲ့များအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
အဆိုပါ မဟာသင်္ကြန်ပွဲတော် (အကြတ်နေ့) အခမ်းအနား (မနက်ပိုင်းအစီအစဉ်) ကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)