မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့၌ ပဲခူးမြို့၊ လမ်းလျှောက်သင်္ကြန်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ ပါဝင်ဆင်နွှဲ

ပဲခူး ဧပြီ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၁၃၈၅-၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဗဟိုမဏ္ဍပ်သို့ ရောက်ရှိလာခဲ့ပြီး ကျောက်ကြီးစု ရပ်ကွက်၏နှစ်ဦးတန်ခူးမေယိမ်းအဖွဲ့၊ နန်းတော်ရာရပ်ကွက်၏ယိမ်းအဖွဲ့၊ သံယံဇာတရေးရာဝန်ကြီးဌာန၏စိမ်းလန်းမေယိမ်းအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနပိတောက်ပျိုမေယိမ်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ဟင်္သာပျိုမေ ယိမ်းအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၏နှစ်သစ်ပျိုမေယိမ်းအဖွဲ့နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့၏သင်္ကြန်မေယိမ်းအဖွဲ့တို့၏ ဖျော်ဖြေတင်ဆက်မှုများနှင့် နိုင်ငံကျော်အဆိုတော်များ၏ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပဲခူးမြို့၌ လွှတ်တော်ရုံးရှေ့ ရေကစားမဏ္ဍပ်၊ ပြင်စည်ဈေးရှိ ရေကစားမဏ္ဍပ်၊ ဥဿာ()ရပ်ကွက် ရေကစားမဏ္ဍပ်၊ ခေါင်းဆေးကျွန်းရေကစားမဏ္ဍပ်၊ လိပ်ပြာကန်ရေကစားမဏ္ဍပ်များ၌ အများပြည်သူများ လွတ်လပ်ပျော်ရွှင်အေးချမ်းစွာ ရေကစားလျက်ရှိပြီး လမ်းတစ်လျှောက် ရေပတ်ခံကားများနှင့် စည်ကားလျက် ရှိကြောင်း သိရှိရသည်။        

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ လမ်းလျှောက်သင်္ကြန်အတွင်း စတုဒီသာ (ထမင်း+ဟင်း) တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာမဏ္ဍပ်များမှ မြန်မာမုန့်အမျိုးမျိုးတို့အား နေ့စဉ်ကျွေးမွေးလျက်ရှိပြီး ဗဟိုမဏ္ဍပ်၌လည်း နိုင်ငံကျော်အဆိုတော်များ၏ ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်ပေးနေမှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားစွာ အတာရေသဘင်ပွဲ ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)