သီပေါမြို့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အတက်နေ့တွင် ဒုဋ္ဌဝတီမြစ်ကမ်းဘေးတစ်လျှောက်၌ ရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် သီပေါချောင်းသာဟုခေါ်တွင်သော မြို့အဝင် သီပေါတံတားအနီးရှိ ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေကစားရာနေရာ၊ (၄)မိုင်ကမ်းခြေရေကစားရာနေရာ၊ ဆွတ်လန်းကျေးရွာရှိ ပန်းချယ်ရီနှင့် စမ်းရေကြည် မြစ်ကမ်းဘေး ရေပေါ်စားသောက်ဆိုင်၊ ဆွတ်လန်းလှေဆိပ်၊ Hsipaw Garden၊ နောင်ကော်ကြီးကျေးရွာရှိ ဟိုနောင်ပန်းခြံစသည့်နေရာများတွင် လာရောက်လည်ပတ်သူများဖြင့် များပြားလျက်ရှိကြောင်း သိရသည်။