မုဒုံမြို့နယ်၌ မဟာသင်္ကြန်ကာလ တရားစခန်း (၁၀၀) ကျော်ကို ဖွင့်လှစ်ထား

မြန်မာလူမျိုးတို့၏ နေ့ထူးနေမြတ်ဖြစ်သော မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ တရားဘာဝနာ ဝိပဿနာတရားများကို အေးချမ်းစွာ ကုသိုလ်ယူနိုင်ရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ ဘုန်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များနှင့် မိုးကုတ်ဝိပဿနာတရားစခန်းများ (၁၀၀)ကျော်ကို ယခုနှစ်တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့တွင် ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက် ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု ပုံမှန်ထက်များပြားခဲ့ပြီး ချောင်းသာကမ်းခြေ၌ နှစ်သစ်ကိုကြိုဆိုရင်း အပန်းဖြေလျက်ရှိကြသူများဖြင့် စည်ကားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်) တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ သင်္ကြန်အတက်နေ့တွင် ဥပုသ်သီလစောင့်သူများနှင့် ကုသိုလ်ကောင်းမှုပြုသူများ၊ ရေကစားသူများဖြင့်စည်ကား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး (သင်္ကြန်အတက်နေ့) ဧပြီ ၁၆ ရက်နေ့တွင် ရပ်ကွက်၊ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလခံယူစောင့်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာရေကစားသူများဖြင့်စည်ကားများပြား

မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း အစဥ်အလာမပြတ် အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရေပေါ်စျေးနှင့် အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းတို့၌ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် နံနက်ပိုင်းမှစ၍ ပျော်ရွှင်စွာ ရေကစားသူများဖြင့် စည်းကားများပြားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အတက်) နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်အတတ်နေ့၌ ဆင်ခေါင်းတောင်အပန်းဖြေစခန်းတွင် ရေကစားအပန်းဖြေ အနားယူသူများနှင့် စည်ကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆည်မြောင်းချောင်းကန်ပေါများပြီး ရှမ်းကုန်းမြင့်ဒေသနှင့်ထိဆက်လျက်ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်အတွင်းသို့ စတင်ဝင်ရောက်စီးဆင်းလျက်ရှိသည့် ကင်းကျေးရွာအနီး ဆင်‌ခေါင်းတော်ခြေတွင်ရှိသော ဇော်ဂျီမြစ်အပန်းဖြေစခန်းတွင် ယနေ့နံနက်ပိုင်းတွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ရေကစားအပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
Subscribe to