သီပေါ ဧပြီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ မဟာသင်္ကြန်ပွဲတော်(အတက်နေ့) ယနေ့နံနက်ပိုင်းတွင် သီပေါချောင်းသာဟုခေါ်တွင်သော မြို့အဝင် သီပေါတံတားအနီးရှိ ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေကစားရာနေရာ၊ (၄)မိုင်ကမ်းခြေရေကစားရာနေရာ၊ ဆွတ်လန်းကျေးရွာရှိ ပန်းချယ်ရီနှင့် စမ်းရေကြည် မြစ်ကမ်းဘေး ရေပေါ်စားသောက်ဆိုင်၊ ဆွတ်လန်းလှေဆိပ်၊ Hsipaw Garden၊ နောင်ကော်ကြီးကျေးရွာရှိ ဟိုနောင်ပန်းခြံစသည့်နေရာများတွင် လာရောက်လည်ပတ်သူများဖြင့် များပြားလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အနီးအနားမြို့နယ်များမှ လာရောက်လည်ပတ်ရေကစားကြသည့် ဧည့်သည်များ၊ ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)