မြဝတီမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပျော်ရွှင်စွာရေကစားသူများဖြင့်စည်ကားများပြား

မြဝတီ ဧပြီ ၁၆

မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝှမ်း အစဥ်အလာမပြတ် အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ကျေးရွာရေပေါ်စျေးနှင့် အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်းတို့၌ ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် နံနက်ပိုင်းမှစ၍ ပျော်ရွှင်စွာ ရေကစားသူများဖြင့် စည်းကားများပြားလျက်ရှိကြောင်း သိရသည်။

အလားတူ မြဝတီမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပြည်သူများကလည်း ဘုန်းတော်ကြီးကျောင်း များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများပြားသကဲ့သို့ ရပ်ကွက်အတွင်း အာဟာရဒါန စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကုသိုလ်ယူကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)