မုဒုံမြို့နယ်၌ မဟာသင်္ကြန်ကာလ တရားစခန်း (၁၀၀) ကျော်ကို ဖွင့်လှစ်ထား

မုဒုံ ဧပြီ ၁၆

မြန်မာလူမျိုးတို့၏ နေ့ထူးနေမြတ်ဖြစ်သော မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ တရားဘာဝနာ ဝိပဿနာတရားများကို အေးချမ်းစွာ ကုသိုလ်ယူနိုင်ရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ ဘုန်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များနှင့် မိုးကုတ်ဝိပဿနာတရားစခန်းများ (၁၀၀)ကျော်ကို ယခုနှစ်တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

အဆိုပါ တရားစခန်းများကို နှစ်စဥ်ဖွင့်လှစ်လျက်ရှိရာ မြို့နယ်အတွင်းရှိ သြဝါဒစရိယဆရာတော် သံဃာတော်အရှင်သူမြတ်အပေါင်းတို့က ဝိပဿနာတရားတော်မြတ်များအား နေ့စဥ်ဟောကြားတရားပြခြင်း၊ အလှူရှင်များက တရားစခန်းဝင်ရောက်သူ သံဃာတော် ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်ယောဂီများအတွက် ဆွမ်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဝေယျာဝစ္စကုသိုလ်ယူခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ တရားစခန်းများကို ဧပြီ ၉ ရက်နေ့မှ ​နှစ်ဆန်းတစ်ရက်နေ့အထိ ဖွင့်လှစ်၍ သံဃာတော်၊ သီလရှင်၊ ယောဂီများ တရားစခန်းဝင်ရောက်သူ စုစုပေါင်း ၇၀၀၀ နီးပါးရှိကြောင်းနှင့် ဥပုသ်သီလဆောက်တည် ကုသိုလ်ယူကြသူများလည်း နေ့စဥ်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)