ဆင်ပေါင်ဝဲ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီး အကဲများနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ပိတ်ပွဲအခမ်းအနားအားစတင်ကျင်းပခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က နှစ်သစ်ကူးနုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ယိမ်းအဖွဲ့များမှ "မန်းတောင်ရိပ်ခို" တေးသီချင်းဖြင့် ဖျော်ဖြေကပြခဲ့ပြီး သင်္ကြန်ယိမ်းအဖွဲ့များနှင့် စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံသီဆိုဖျော်ဖြေနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန် ဦးဆောင်သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့တွင် ကျင်းပသည့် မြန်မာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်သို့ ဒေသခံပြည်သူများမှ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)