မှော်ဘီမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မှော်ဘီ ဧပြီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပြည်လမ်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ဗဟိုမဏ္ဍပ်၌ ကပြဖျော်ဖြေသည့် ယိမ်းအဖွဲ့များ၊ မြန်မာ့ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝေမိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်းကြောင်းကြေညာကာ “မန်းတောင်ရိပ်ခို” သီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဝင်းဇော်(မှော်ဘီ)