ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ် မိုးကြိုပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ်မိုးကြိုပွဲကို မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မိုးကြိုပွဲကို ဆင်ပေါင်ဝဲမြို့တွင် မိုးပေးမှန်ကန်ရေး၊ သီးနှံဖြစ်ထွန်းအောင်မြင်ရေး၊ မြို့ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြီးပွားတိုးတက်ရေးတို့ကို ရည်ရွယ်၍ အမှတ်(၂)ရပ်ကွက်ရှိ တောင်သူလုပ်ငန်းလုပ်ကိုင်သည့် ပြည်သူများက နွားများကို အလှဆင်ကာ ထွန်များဖြင့် မြို့တွင်းသို့ ရေပက်ခံကားများ၊ သုံးဘီးများဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)