ပြည်မြို့၌ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပ

ပြည် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဧပြီလ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့သော မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော်ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြည်မြိုဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာပိတ်သိမ်းပွဲအခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က နှစ်သစ်ကူးတွင် ပြည်သူများအားလုံး ကိုယ်စိတ်နှလုံးကျန်းမာရွင်ပြုံးကြစေပြီး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းစကား ပြောကြားခဲ့သည်။

ထို့နောက် မဟာသင်္ကြန်ရေကစားမဏ္ဍပ်၌ ကပြဖျော်ဖြေယှဥ်ပြိုင်ခဲ့ကြသော ယိမ်းအဖွဲ့များအနက် ဆုရရှိသောယိမ်းအဖွဲများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ကြပြီး တေးဂီတဖျော်ဖြေမှုအစီအစဥ်များဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)