ရွှေပြည်သာ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၂)ရပ်ကွက်တွင် ဧပြီလ ၂၉ ရက်နေ့တွင် မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၆)စု လူဦးရေစုစုပေါင်း (၁၁၂)ဦးအား မဇ္ဈိမသုခလမ်းရှိ ရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးပစ္စည်များနှင့် ငွေသားထောက်ပံ့ပေးအပ်ခြင်းအအခမ်းအနားတွင် တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းလှိုင်နှင့် အဖွဲ့ဝင်များက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေသားများ၊ အလှူရှင်များက လှူဒါန်းသည့် ငွေသားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမိသားစုမှ လှူဒါန်းသော ဘုရားဆင်းတုတော်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မီးလောင်ကျွမ်းခဲ့သည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၅)ခု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မွေးစာရင်း(၂)ခုအား မီးဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စု (၂၆)စုအား အိမ်ထောင်စု (၁)စုလျှင် ငွေသား (၂၀၀၀၀ဝိ/-)နှုန်းဖြင့် ငွေကျပ် (၅၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၂၃၅၂၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၆)ပါ ပစ္စည်းပုံး (၂၆)ပုံးအားလည်းကောင်း၊ အလှူရှင်များမှ လှူဒါန်းသည့်ငွေကျပ် (၆၉၆၀၀၀၀ိ/-)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမိသားစုမှ လှူဒါန်းသော ဘုရားအဆူ (၂၆)ဆူအားလည်းကောင်း ထောက်ပံ့ပေးအပ်၍ ယာယီကယ်ဆယ်ရေးစခန်းအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)