စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့၊ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ   မေ ၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မေလ ၁ ရက်‌နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းသို့ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာ များလျှောက်ထားခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် ၃ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများအားတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ရောက်ရှိကြရာဒေသခံတိုင်းရင်းသားပြည်သူများစာသင် ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီးရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာသင်ထောက်ကူးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။ 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ မိုးဒန်းအင်း အပန်းဖြေရေကန် ၃ ဧက ပြန်လည်တူးဖော်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းများဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)