မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဧပြီ ၂၆

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) (၄/၂၀၂၆) သို့တက်ရောက်ရန် မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေး စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့နှင့် အတူတကွပူးပေါင်း၍ နိုင်ငံတော်အပါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) (၄/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများပေးအပ်ခဲ့ပြီး နိုင်ငံ့သားကောင်းရတနာ သင်တန်းသားများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်းကျေးရွာရှိ ဆံတော်ရှင် ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ဇနီး၊ ပြည်နယ်လွှတ်​တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ အတုလရန်အောင်​ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး အထွဋ်တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်မြတ်နှင့် ငှက်မြတ်နားတော်တို့အား ကြွရောက်ချီးမြှင့်ကြကုန်သော ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဒါန်းပူဇော်ခဲ့ပြီး အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ​ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြွရောက်ချီးမြှောက်ကြကုန်သော သာသာနာ့ ဝန်ဆောင် ဩဝါဒါစရိယဆရာတော် သံဃာတော် အရှင်သူမြတ်ကြီးတို့မှ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးသည့် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ​ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျိုက်မုနိုင်းစေတီတော်မြတ်ကြီး ကဗည်းမော်ကွန်းအား အမွေးနံသာရည်များ ပက်ဖျန်းခဲ့ပြီး ကျိုက်မုနိုင်းစေတီတော် မြတ်ကြီးထံ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား လက်ယာရစ် (၃) ပတ် လှည့်လည်ပူဇော်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်မြတ်ကြီးအထွဋ်သို့ တင်လှူပူဇော်ခဲ့ကြကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး၍ ဇယန္တာဗောဓိယာမူလေအစချီ အောင်ဂါထာတော်အား ရွတ်ဖတ်ပူဇော်ခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းသည်။

ယင်းနောက် ဆရာတော်ကြီးများ အမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ​ပြည်နယ်လွှတ်​တော် ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)