တောင်ကြီး ဧပြီ ၂၆
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာနီနီဝင်း၊ တောင်ကြီးမြို့နယ် ကြီးကြပ်ရေးအဖွဲ့တို့သည် ၂၀၂၆ ခုနှစ်၊ ယမန်နေ့က တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာအုပ်စု၊ တောင်လေးလုံးရွာလယ်ခန်းမတွင် ကျေးရွာအုပ်စုအတွင်းရှိ တစ်ပိုင်တစ်နိုင် စီးပွားဖြစ်မွေးမြူသူ(၄၆)ဦးနှင့် တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းက ရက်(၁၀၀) ကာကွယ်ဆေးထိုးမည့် စီမံချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါက်တာနီနီဝင်းက မွေးမြူရေးခြံသုံး ရောဂါပိုးသတ်ဆေးများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံသို့ ပေးအပ်သည်။
တောင်ကြီးမြို့နယ် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်ရန် မြေပြင်ကွင်းဆင်းမှုအဖွဲ့သည် မြေပြင်တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူထားရှိမှု စာရင်းကောက်ယူခြင်း၊ ကျွဲ ၊ နွား၊ ဝက်၊ ကြက်များအား လိုအပ်သည့် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ သာမန်နာမကျန်း တိရစ္ဆာန်များပေးခြင်း၊ အုပ်စုအလိုက်ကွင်းဆင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများ စာရင်းပြုစု၊ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)