လားရှိုး မေ ၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကြီးမှူးဖွင့်လှစ်သည့် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးနှင့် သင်တန်းနည်းပြ ဆရာသန်းမင်းဦးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းနည်းပြဆရာအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်း(၁/၂၀၂၄)သို့ သင်တန်းသား၊ သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ လေးရက်ကြာမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)