ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

ဆင်ပေါင်ဝဲ မေ ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်ခဲရှိသည့် ရွာသစ်ကျေးရွာနှင့် လယ်ကျိုးကျေးရွာတို့အား ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာအရောက် ရေဂါလန်(၁၆၀၀)နှင့် ရေစည်(၄)စည်တို့ကို လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် အ-ထ-က(၂) အောင်လံမြို့ မစန္ဒာလှိုင်နှင့် သူငယ်ချင်းများက ကျေးရွာ(၂)ရွာရှိ ပြည်သူများအား သောက်သုံးရေ ရေဂါလန်(၁၆၀၀)နှင့် ရေစည်(၄)စည်တို့ကို လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)