ညောင်လေးပင်မြို့နယ် အ.လ.ကခွဲ(ရေကျော်လေး)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခြင်းတို့ကို ယနေ့မွန်းလွဲ (၁၃)နာရီက ညောင်လေးပင်မြို့နယ် ရေကျော်လေး အခြေခံပညာအလယ်တန်းကျောင်းခွဲ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်  ရေဥက္ကံကျေးရွာအုပ်စုတွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန်အတွက် အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီ၌ ရေဥက္ကံကျေးရွာအုပ်စု ဗန်းမော်အတွင်း၀န်လမ်း စိန်မြဓမ္မသာလဓမ္မပါလဓမ္မာရုံတွင် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနေ့(အကြို) လူငယ်စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ အ.ထ.က(၂၇)ကျောင်းတွင် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနေ့ (အကြို) လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ

ပြည်ထောင်စုကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာအထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်‌ရေး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲ၊ ပြပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်၏ ပံ့ပိုးကူညီမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား အသိပညာပေးဟောပြောပွဲ၊ ကျပန်းစကား‌ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် ပြပွဲများကို ယမန်နေ့နံနက် (၉)နာရီ၌ အမှတ်(၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားကွင်းတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်မြို့နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာပေဗဟုသုတများ တိုးပွားလာ​စေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် စံပြရွာသစ်ရှိ ဆောင်းမြေပဲ စတင်စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြောက်ကြီးကျေးရွာအုပ်စု၊ စံပြရွာသစ်ရှိ တောင်သူဦးသန်းအောင်၏ ဆောင်းမြေပဲဧက စတင်စိုက်ပျိုးနေမှုအား စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရေနစ်မဲပေးစက်(MEVM)နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရေနစ်မဲပေးစက်(MEVM) နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင် ဦးမြင့်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြ‌သည်။
Subscribe to