ချောင်းဆုံမြို့နယ်၌ ရက်၁၀၀ စီမံချက်ဖြင့် မွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဧပြီလ ၂၈ ရက်နေ့က ကုလာဘီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။