မြစ်သားမြို့နယ်၌လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မြစ်သား ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ခမ်းအနားကို ဧပြီ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး  မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး (မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါ်လဲ့လဲ့၀င်း (တံတားဦးမြို့နယ်) တို့က မိတ်ဆက်စကားအသီးသီးပြောကြားကာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများ၊  နိုင်ငံတော်မှချမှတ်သည့် ရက် (၁၀၀) လုပ်ငန်းစီမံချက် ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊     ပူးပေါင်းကာ ပြည်သူများ၏လိုအပ်ချက်၊  လိုလားချက် များကိုအဓိက လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။  မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေး‌ ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးက ပြည်သူ့စစ်မှုထမ်းအခြေအနေများ၊ မီးဘေးအန္တရာယ်အခြေအနေများ၊ သဘာဝဘေးအခြေအနေများနှင့် မူးယစ်ဆေးဝါးအခြေအနေများဆွေးနွေးပြောကြားခဲ့သည်။ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးဌေးဝင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုံခြုံ‌ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်‌ ရေးဆွေး‌နွေး‌ပြောကြားခဲ့သည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီ အဖွဲ့ဝင် ဦးရွှေအောင်က ဆည်မြောင်းရေရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေး‌ပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး‌ ဆောင်ရွက်‌ပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က နိဂုံးချုပ်စကားပြောကြား၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌ကြောင်းသိရ သည်။

ဝါဝါမြင့် (မြစ်သား)