မြစ်သား ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်သည် ဧပြီ ၂၆ ရက် နံနက် ၉ နာရီခွဲက မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး(မြစ်သား)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့၀င်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော်(ကျောက်ဆည်)တို့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးရာ၌ မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက မိတ်ဆက်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာအကြီးအကဲများအားဌာနအလိုက်လုပ်ငန်း တာဝန်များထမ်းဆောင်ရာတွင်ရက် ၁၀၀ အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းစီမံချက်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအား အထူးအလေး ထားဆောင်ရွက်ရန်နှင့် ကျေးလက်/မြို့ပြဖွံ့ဖြိုးတိုး တက်ရေးကို ဝိုင်း၀န်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည့် ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ် ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းစီမံကိန်းများလျာ ထားတင်ပြဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန /အဖွဲ့အစည်းများက လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းတင်ပြ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြစ်သားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဦး (မြစ်သား)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း(တံတားဦးမြို့နယ်)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီသီကျော် (ကျောက်ဆည်) တို့မှ မိတ်ဆက်စကားများပြောကြားသည်။
ထို့နောက် မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ရက်ပေါင်း ၁၀၀ အတွင်းဆောင် ရွက်မည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြ ခဲ့ပြီးတက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ဌာနအလိုက် ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက် မည့်လုပ်ငန်းစီမံချက်များအားတင်ပြခဲ့ရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် သတ်မှတ်ထားသော ရက် ၁၀၀ လုပ်ငန်းစီမံချက်အား အောင်မြင်အောင်ဆောင်ရွက်သွားကြရန်၊ တောင်သူ များရေရရှိရေးအထူးဂရုပြုဆောင်ရွက်ရန်နှင့် လိုအပ် သည်များရှိပါက အထက်ဌာနများသို့ တင်ပြသွားကြ ရန်တို့အား ပြန်လည်မှာကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ မြစ်သားမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကို ရင်းနှီးစွာလိုက်လံနှုတ်ဆက်ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)