သီပေါ ဧပြီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအုပ်စု၊ ဆားတွင်းကျေးရွာ၌ ဆောင်းပဲပုတ်စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက တောင်သူဦးနန္ဒော၏ လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းပဲပုတ်စံကွက်ရိတ်သိမ်းခြင်းကို စံပြကွက်ဧက (၁၀၀) ၏ ကိုယ်စားပြုစံကွက်ဖြစ်သော တောင်သူ ဦးနန္ဒော၏ လယ်မြေ (၂) ဧကတွင် စိုက်ပျိုးထားသည့် ဆောင်းပဲပုတ် (၆.၆) စံကွက်ငယ်ကို ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းမိတ်ဖက် (Y-Method) အရ (၃၄.၅၀) တင်းနှုန်းထွက်ရှိခဲ့ကြောင်းနှင့် ၎င်းရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)