ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာတွင်သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပ

ဖျာပုံ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာ ကွင်းအမှတ် (၅၅၉)၊ ဦးပိုင်အမှတ် (၃/၅၅)တောင်သူ ဦးမြင့်အောင်၏ လယ်မြေ (၇)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ်ပြည့်ဝကာ မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိပြီး မိုးစပါးအထွက်နှုန်းတိုးထွက်ရန် ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ပိုက်ဆံလျှော်မြေဩဇာ စုပေါင်းကြဲပက်ရာတွင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဒေါ်ဥမ္မာအေးတို့က ကျုံကဒွန်းကျေးရွာအုပ်စုရှိ တောင်သူများ၏လက်ဝယ်သို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးကြပြီး ကျုံကဒွန်းကျေးရွာ ကွင်းအမှတ် (၅၅၉)၊ ဦးပိုင်အမှတ် (၃/၅၅) တောင်သူဦးမြင့်အောင်၏ လယ်မြေ (၇)ဧကအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့များကြဲပက်ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ လယ်ယာမြေအတွင်း ထည့်သွင်းရခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါး (၂၀၉၀၅၉)ဧက စိုက်ပျိုးရန်လျာထားပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကို မိုးစပါးရေတော်မိုးတော်ဧက (၁၅၀၃၁၇)ဧကအတွင်း  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရန် လျာထားပြီး သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ်ပြည့်ဝကာ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းနိုင် (ပြန်/ဆက်)