ဇလွန် ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေါင့်ကြီးကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီတွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအသိပညာပေးအကြောင်း အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အာဟာရအသိပညာပေးအကြောင်း ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ၊ စိတ်ထိခိုက် ခံစားရမှုများကို လျော့ချရန်နည်းလမ်းများ၊ MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူများနှင့် အကျိုးခံစားခွင့်ရှိသူများ၏ အကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုလက္ခဏာ အကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကိုယ်ဝန် ဆောင်မိခင်များအား စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အွန်လိုင်းဆိုင်ရာ လိမ်လည်မှုအကြောင်းတို့ကို အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကိုယ်ဝန်ဆောင်မိခင်များက ကြည့်ရှု အားပေးခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)