ကဆုန်လပြည့်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များ၌  ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပ

နေပြည်တော်  မေ ၁

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့ကို “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟူသည့် စာဆိုနှင့်အညီ နိုင်ငံတစ်ဝန်းမြို့နယ်များရှိ မဟာဗောဓိညောင်ပင်များ၊ စေတီပုထိုးများတွင် မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကိုရည်မှန်းကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ကျင်းပကြသည်။

ကဆုန်လပြည့်နေ့ကို  ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်ကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ် သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၊ တံတားမြို့တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရား၊ ငါန်းဇွန်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ငါးသိုင်းချောင်း၊ ငပုတော၊ မအူပင်၊ ညောင်တုန်း၊ ငွေဆောင်နှင့် မော်လမြိုင်ကျွန်းမြို့နယ် တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ၊ ကလေးနှင့် မုံရွာ မြို့နယ်တို့၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ငဖဲ၊ အောင်လံ၊ သရက်၊ ချောက်၊ မင်းဘူး၊ ပွင့်ဖြူနှင့် ကံမမြို့နယ်တို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုနှင့် ပေါင်းတည်မြို့နယ်တို့၌လည်းကောင်း ဘုရားစေတီများရှိ မဟာဗောဓိညောင်ပင်များတွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး တန်ခိုးကြီးဘုရားစေတီများတွင် ကုသိုလ်ကောင်းမှုပြည်သူများ စည်ကားများပြားခဲ့ကြောင်း သိရသည်။

ညောင်ရေသွန်းလောင်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများသို့  ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ   ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက  ညောင်ရေသွန်းလောင်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန