မိုးကုတ်မြို့၌ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုးကုတ် မေ ၁

မန္တ​လေးတိုင်း​ဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့၌ မြန်မာ့ စီးပွား​ရေးဘဏ်ခွဲ(မိုးကုတ်) ဖွင့်ပွဲအခမ်းအနားကို ဧပြီလ တတိယပတ် နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ​ဈေး​ဟောင်းရပ်ရှိ ကုတင်(၁၀၀)ဆံ ပြည်သူ့​​ဆေးရုံကြီးဝန်းအတွင်း၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားကို အမှတ်(၂) တိုင်း​ဒေသကြီးလွှတ်​တော်ကိုယ်စားလှယ် ဦးပါပါလွင်နှင့် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​အောင်မြင့်​ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းများ စတင်​ဆောင်ရွက်​​နေမှုကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့​ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ(မိုးကုတ်)မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချူပ်​ရေးမှူးများ၊ မြို့မိမြို့ဖများ တက်​ရောက်ခဲ့ကြပြီး ဘဏ်လုပ်ငန်းများဖြစ်သည့် ဘဏ်​ငွေသွင်း/​ငွေထုတ်လုပ်ငန်းများ၊ ​ငွေစုဘဏ် ငွေသွင်း/​ငွေထုတ်လုပ်ငန်းများ၊ ​ပင်စင်စားများအား ​ငွေထုတ်​ပေးသည့်လုပ်ငန်းများနှင့် ဌာနဆိုင်ရာများ​ငွေသွင်း/​ငွေထုတ်လုပ်ငန်းများကို ​ဘဏ်ဝန်ထမ်းများက ဆောင်ရွက်​ပေးလျက်ရှိ​​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)