တနိုင်းမြို့နယ်တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲနှင့် ပရိတ်တရားတော် နာယူပွဲအခမ်းအနားကျင်းပ

တနိုင်း   မေ    ၁

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ဇေယျာသီရိဘုန်းတော်ကြီးကျောင်းတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အခမ်းအနားကို တက်ရောက်လာသူများက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဇေယျာသီရိကျောင်းတိုက် ဆရာတော်အရှင်ဘန္ဒတေစနိယထံမှ ငါးပါသီလခံယူဆောက်တည်ပြီး အနုမောဓနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြ သည်။

ထို့နောက် တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် ပြည်သူများက ဗောဓိညောင်ပင်အား သုံးပတ်ပတ်ပြီး မြတ်စွာဘုရားအားရည်မှန်း၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြကြောင်း သိရသည်။

တနိုင်း(ပြန်/ဆက်)