လဲချား ဇွန် ၂၀
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)၌ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှမြို့နယ်တပ်ဖွဲ့မှူး ဦးသန်းဇော်ဦးက ကြက်ခြေနီဆိုင်ရာ အသိပညာပေးများအားလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နန်းခမ်းနောင်းမှ သတိပြုဆင်ခြင်ဖွယ်မိုင်းအန္တရာယ်အားလည်းကောင်း အသေးစိတ်ရှင်းလင်ပြောကြားပြီး မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)