မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မောက်မယ် ဇွန် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ပြည်နယ်/တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်အဆင့်ဆင့်သို့ တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်နမ့်ယွမ်းခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်းပေါင်း(၁၁)သင်းဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဗိုလ်လုပွဲတွင် မီးသတ်အသင်းက ဟိုလွိုင်အသင်းကိုအနိုင်ရရှိပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်တာဝန်ရှိသူများတို့က ငွေသားဆုနှင့်ဆုဖလားများအသီးသီးဆုများချီးမြှင့်ပေးအပ်ပြီး ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အားကစားသမားများတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)