မိုင်းခတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့လာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို ငှားရမ်းပေးလျက်ရှိရာMobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများမှဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ်သောကြာနေ့တိုင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)